ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ..

 

ဗီဇပြောင်း Covid 19  ရောဂါလက္ခဏာများ...

==============================

(ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်) 


အောက်ပါလကက္ခဏာများနှင့်တူ၍သံသယရှိပါက ခွဲနေပါ၊ mask တပ်ပါ၊ လက်ဆေးပါ၊နှာချေ ချောင်းဆိုးရင်သူများကိုမထိပါစေနဲ့၊ အနားယူပါ။ 

ရောဂါပိုးဝင်ပြီး ၅ရက်ခန့်မှာလက္ခဏာပြတတ်ပါတယ်(ရောဂါပျိုးရက်)

လက္ခဏာမပြခင်၁ရက်မှ ပြပြီး၁၀ရက်ခန့်အထိ သူများကို ကူးတတ်ပါတယ်(ကူးစက်နိုင်ခြေရက်)


ထိုင်းနိုင်ငံတွင် ကူးစက်ပျံ့ပွားနေသည့် ဗြိတိသျှမျိုးစိတ်အသစ် ကိုဗစ်ရောဂါသည် စိုးရိမ်ဖွယ်ကောင်းသည့် ကူးစက်မြန်၊ ပျံ့နှံ့လွယ်အဆင့်သို့ ရောက်ရှိလာပြီဖြစ်သည်။ မျိုးဗီဇပြောင်းဖြစ်ကြောင်းကိုလည်း စစ်ဆေးအတည်ပြုနိုင်ခဲ့ပြီဖြစ်သည်။ ကူးစက်မှုသည် ယခင်ကထက် ၃၀ မှ ၅၀ ရာနှုန်းအထိ ပိုမိုပြင်းထန် အားကောင်းပါသည်။ ထို့ကြောင့် လူတိုင်း သတိရှိရန် လိုအပ်ပါသည်။

 ဗီဇပြောင်း Covid 19 လက္ခဏာများ 

 ကူးစက်ခံရပြီး ၁ ရက်မှ ၃ ရက်

၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။

၂။ လည်ချောင်းအနည်းငယ်နာသည်။

၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရ။ှိ

၄။ ပုံမှန်အတိုင်း အစားအသောက်မပျက်။

 ၄ ရက်မြောက်နေ့

၁။ အာသီးအနည်းငယ်ယောင်သည်။

၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။

၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်သည်။ သို့သော် အစားသောက်မြိုချရာတွင် အခက်အခဲရှိသည်။ ခေါင်းအနည်းငယ်ကိုက်မည်။

၄။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့ အနည်းငယ် မူးဝေနေမည်။

 ၅ ရက်မြောက်နေ့

၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။

၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်

၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။

 ၆ ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည်။

၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။

၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်းနာကျင်နေမည်။

၄။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။

၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။

၆။ inches feel pain ခြေချောင်းများ နာကျင်လာမည်။

၇။ ၀မျးလြှော၍ အော့အန်မည်။

 ၇ ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။

၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များ ထွက်နေမည်။

၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲနာကျင်နေမည်။

၄။ အပြင်းအထန် ၀မျးလြှောမညျ။

၅။ အော့အန်မည်။

 ၈ ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 38C +++ အထက်ထိရောက်လာပြီး အပြင်းအထန်ဖျားလာမည်။

၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။

၃။ ချောင်းအဆက်မပြတ်ဆိုးမည်။

၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများ နာကျင်မည်။

၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး ကိုက်ခဲနာကျင်မည်။

 ၉ ရက်မြောက်နေ့

၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။

၂။ အပြင်းအထန် အဖျားတက်လာမည်။

၃။ အချို့ရောဂါလက္ခဏာများ သက်သာလာမည်။

၄။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန် ကြိုးစားလာရမည်ဖြစ်သည်။

ထိုအနေအထားသို့ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန် လိုအပ်လာပြီဖြစ်သည်။


copy post

Comments

Popular posts from this blog

Malwarebytes Anti-Malware 1.75.0.1300